Pages

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Monday, September 29, 2014

Only note3 SM-N9005 အတွက် Browser မှာမြန်မာစာမှန်အောင်

မြန်မာစာပါသော firmware တွေတင်ကြရင်လည် ဖုန်းထဲမှာ ဘယ်appမဆို မြန်မာစာမှန်ပြီး browser တွင်မြန်မာစာ က (   -ျာ -ာ -ိ ) တို့ ကပ်နေခြင်းလွဲနေခြင်း
ကိုတွေကြုံတက်ရပါတယ်။ အဲ့ဒါကိုဖြေရှင်းပေးဖို့ ဖိုင်သုံးခုပဲဒေါင်းလိုက်ပါ။ ဒီနည်းဟာ SM-N9005
အတွက်ပါ။ တစ်ခြားဖုန်းတွေကိုတော့မစမ်းသပ်ရသေးလို့
စမ်းသပ်ချင်သူများအတွက်လည်းစမ်းသပ်နိုင်ပါတယ်။
လိုအပ်သောဖိုင်များကိုအောက်မှာဒေါင်းယူသွားပါ။ဒီနည်းကို
အသုံးပြုရန် ROOT ရှိရမည်။ Root Explorer ဆိုသောဆော့ဝဲ ကိုအသုံးပြုရမည်။ မရှိပါက အောက်မှာဒေါင်းလိုက်ပါ။

Root Explorer

fallback_fonts.xml

fallback_fonts_sbrowser.xml

Zawgyione2009.ttf

ဖိုင်အားလုံးဒေါင်းပြီးပါက Root Explorer ထဲဝင်လိုက်ပါ။
ဒေါင်းထားတဲ့ ဖောင့် Zawgyione2009.ttf  ဖိုင်ကို Root Explorer ဆော့ဝဲထဲက System >>> font ဆိုတဲ့ဖိုင်ထဲကို ထည့်ပေးလိုက်ပါ ။

ထည့်ပြီးရင် Zawgyione2009.ttf ဖောင့်အား permissions rw - r - r ပေးပြီး ရင်တော့Systemဖိုင်>>>etc ဖိုင်ထဲကို

fallback_fonts.xml

fallback_fonts_sbrowser.xml

ဆိုသော နှစ်ဖိုင်ထည်ပေးလိုက်ပါ။ ပြီးရင် နှစ်ဖိုင်လုံးကို permissions rw - r - r ပေးလိုက်ပါ။ပြီရင်ဖုန်းကိုရီစတတ်ချပေးလိုက်ပါ။
ပြန်ဖွင့်ပြီးလိုက်ရင် မြန်မစာအားလုံးမှန်သွားပါလိမ့်မယ်။

စမ်းသပ်ခင် fallback_fonts.xml

fallback_fonts_sbrowser.xml ဖိုင်နှစ်ခုကို

တစ်နေရာတွင် copy လုပ်ထားပေးပါ။

အခက်ခဲရှိပါက Page တွင်အကူအညီတောင်းနိုင်ပါတယ်။

pageသို့>>>>

မူရင်း ရေးသားချက်များကို Share ပေးပါလို့ပြောချင်ပါတယ်။

Sunday, September 14, 2014

XBattery Themer


တွေ့နေကျBattery iconလေးကရိုးနေပီဆိုရင် ဒီဇိုင်းအလန်းတွေနဲ့ အလှဆင်ကြမယ် :)
ဖုန်းမှာ Root ရှိရမယ် samsungဖုန်းဖြစ်ရမယ် လိုအပ်တဲ့ဖိုင်တွေကို link ၃ခုနဲ့တင်ထားပေးတယ်။ကြိုက်တဲ့linkကဒေါင်းယူပီး လုပ်နည်းကိုအောက်မှာဆက်ကြည့်ကြရအောင်..

>> Download Link 1 <<
>> Download Link 2 <<
>> Download Link 3 <<

ဒေါင်းထားတဲ့ဇစ်ဖိုင်လေးကိုဖြည်ပါ။အထဲမှာ Xposed Installer, XBattery Themer နဲ့ CYANide Battery theme ၂ခုပါတယ်။
အားလုံးကို installလိုက် ပီးရင် Xposed Installer ကိုဖွင့်လိုက် root တောင်းရင်ပေးလိုက်။

ပုံ(၁) Framework ကိုနှိပ်လိုက်ပါ။

ပုံ(၂) Install/Update ကိုရွေးပေးပီး ခနစောင့်ပါ။ installလို့ပီးရင် Reboot ချပေးလိုက်။

ပုံ(၃) Xposed installer ထဲကို ပြန်ဝင်ပါ။ Modules ကိုနှိပ်ပေးလိုက်။

ပုံ(၄) Modules ထဲမှာ XBattery Themer ကို အမှန်ခြစ်ပီး back ပြန်ထွက်လိုက်။စောစောကစဝင်တဲ့ Framework အကွက်ထဲပြန်ဝင်ပီး Reboot တစ်ခါထပ်လုပ်ပေးလိုက်ပါ။

ပုံ(၅) Battery Icon ကိုချိန်းဖို့အတွက် installလုပ်ထားတဲ့ XBattery Themer ဆိုတဲ့ applicationကိုဖွင့်လိုက် အောက်ကပုံလို installလုပ်ထားတဲ့ theme၂ခုတွေ့ရပါမယ်။ကြိုက်တာ၁ခုရွေးပေးပီး Reboot ချပေးလိုက်ပါ။ဖုန်းပြန်ပွင့်လာရင်တော့ လန်းနေတာတွေ့ရမယ်။ ပြန်မပွင့်လာရင်တော့ ဖန်ဝဲကျပီလို့မှတ်လိုက်တော့ :P

နောက်ထပ် themeတွေကိုတော့ playstoreမှာရှာလို့ရပါတယ်။ဒီ၂ခုက ကျနော်မှာရှိတာမို့တင်ပေးထားတာ... :)

Monday, February 17, 2014

Android ဖုန်းပါ Browser ပိုင်းမှာ ttf ဖောင့် သီးသန့်ချိတ်ပေးနည်း

နောက်ထွက်လာတဲ့ Android ဗားရှင်း အချို့ဖုန်းတွေမှာ နေရာတိုင်းမြန်မာစာမှန်ပေမယ့် ဖုန်းမှာပါဝင်လာတဲ့ Browser မှာတော့ ( -ျ ) ( -ု ) ( -ူ ) ( -ာ ) ( -် ) ( -့ ) တွေ
အထဲကိုဝင်နေတဲ့ပြသနာတွေ ဖြစ်နေကြပါတယ် ။

ကျနော်အနည်းငယ်ဖြေရှင်းထားတဲ့ 4.3နှင့်4.4.2အတွက် မြန်မာဖောင့် ttf ကို
Browser ပိုင်းကိုပဲသွားထည့်နည်း ထိန်းချုပ်နည်းကို တင်ပေးလိုက်ပါတယ် ။
မြန်မာစာကို 98% လောက် တည့်မှန်စွာမြင်ရမှာဖြစ်ပါတယ်။

ဖောင့် ttf ဖိုင်သည် Root Explorer ဆော့ဝဲကနေ သွင်းရမှာဖြစ်တဲ့အတွက်
Root ရှိထားတဲ့ဖုန်းများသာ ထည့်သွင်းနိုင်ပါတယ် ။

fallback_fonts.xml ဖိုင်လေးကို Root Explorer ဆော့ဝဲထဲက Vendor >>> etc ထဲကို ထည့်ပေးလိုက်ပါ ။

Zawgyione2009.ttf မြန်မာဖောင့်ကို ထိုအမည်အတိုင်းထားပါ အမည်မပြောင်းပါနဲ့။

ဒေါင်းထားတဲ့ဖောင့်Zawgyione2009.ttf ဖိုင်ကို
Root Explorer ဆော့ဝဲထဲက System >>> font ဆိုတဲ့ဖိုဒါထဲကို ထည့်ပေးလိုက်ပါ ။

ထည့်ပြီးရင် ttf ဖိုင်နဲ့ xml နှစ်ခုလုံးကို rw - r - r ပေးပြီး ဖုန်းကိုရီစတတ်ချပေးလိုက်ပါ ပြီးပါပြီ :)

ဒါဆို မြန်မာစာမှန်အောင်ပြင်ထားတဲ့ ttf ဖောင့်ကို ဖုန်းမှာပါဝင်လာတဲ့ Browser ပိုင်းကိုပဲ သီးသန့်ချိတ်ပေးထားခြင်းပါ ။

fallback_fonts.xml ဖိုင်ဒေါင်းရန်နှိပ်ပါ။

Zawgyione2009.ttfဒေါင်းရန်နှိပ်ပါ။

Root Explorer Pro V3.1.3ကိုဒေါင်းလော့လုပ်ရန်နှိပ်ပါ။

ဒီနည်းကိုသုံးခြင်းအားဖြင့် ထိုင်းစာတွင်အနည်းငယ်ကြီးလာပါလိမ့်မည်။
မြန်မာစာကbrowserပိုင်းတွင့်အဆင်ပြေပါမည်။
ဒီနည်းကိုမသုံးချင်ရင်
နောက်တစ်နည်းပြောင်းသုံးနိုင်ပါသည်။

နောက်တစ်နည်းပြောင်းသုံးချင်သူများအတွက်နှိပ်ပါ။

အားလုံးအဆင်ပြေပါစေ။

အဆင်မပြေရင်အကူညီတောင်းခံနိုင်ပါတယ်ကျွန်တော်ရဲpageမှာ

pageသို့သွားရန်နှိပ်ပါ။

Saturday, February 15, 2014

Android V4.3 နှင့် V4.4.2ဖုန်းမှာ ( -ျ ) ( -ု ) ( -ူ ) ( -ာ ) ( -် ) ( -့ ) တွေ အထဲကိုဝင်နေတဲ့ပြဿနာကို ကျနော်အနည်းငယ်ဖြေရှင်းထားပါတယ်။

Android V4.3 နှင့် V4.4.2ဖုန်းမှာ ( -ျ ) ( -ု ) ( -ူ ) ( -ာ ) ( -် ) ( -့ ) တွေ
အထဲကိုဝင်နေတဲ့ပြဿနာကို ကျနော်အနည်းငယ်ဖြေရှင်းထားပါတယ်။
စာကိုတည့်မှန်စွာမြင်ရမှာဖြစ်ပါတယ်။
နည်းလမ်းနှစ်ခုပြောပြပေးပါမယ်။

ပထမနည်းလမ်း။
*************
ဖောင့် ttf ဖိုင်သည် Root Explorer ဆော့ဝဲကနေ သွင်းရမှာဖြစ်တဲ့အတွက်
Root ရှိထားတဲ့ဖုန်းများသာ ထည့်သွင်းနိုင်ပါတယ် ။

4.3 နှင့် 4.4.2အတွက်ပေးထားတဲ့ DroidSansFallback.ttf မြန်မာဖောင့်ကို ဒေါင်းလိုက်ပါ။

ဒေါင်းထားတဲ့ ဖောင့် DroidSansFallback.ttf ဖိုင်ကို Root Explorer ဆော့ဝဲထဲက System >>> font ဆိုတဲ့ဖိုင်ထဲကို ထည့်ပေးလိုက်ပါ ။

ထည့်ပြီးရင် ဖောင့်အား permissions rw - r - r ပေးပြီး ဖုန်းကိုရီစတတ်ချပေးလိုက်ပါ။

သတိပြုရန်။   ။DroidSansFallback.ttfကိုမထည်ခင်
Root Explorer ဆော့ဝဲထဲက System >>> fontထဲ
ကDroidSansFallback.ttfဖိုင်ကိုCopyကူးယူထား
ပါ လို့ပြောချင်ပါတယ်။

ပထမနည်းကဖုန်းအတွက်နည်းနည်း
အန္တရာယ်ရှိနိုင်လို့ ဒုတိယနည်းနဲ့စမ်းသပ်စေချင်တယ်။
ဒုတိယနည်းမရမှ ပထမနည်းကိုအသုံးပြုပြီး
ထည်စေပါလို့ပြောချင်ပါတယ်။

ဒုတိယနည်းလမ်း။
**************
Root Explorer ဆော့ဝဲထဲက System >>> fontဆို
သောဖိုင်ထဲကို ကျွန်တော်အောက်မှာပေးထားသော
Zawgyione2009.ttf ဖိုင်ကိုထည်ပေးပါ။နာမည်Zawgyione2009.ttfကို
မပြောင်းပါနဲ့။Zawgyione2009.ttfကိုထည့်ပြီးရင်
Zawgyione2009ဖောင့်အား permissions
rw - r - r ပေးလိုက်ပါ။ပြီရင်တော့ Systemဖိုင်>>>etc
ဖိုင်ထဲက fallback_fonts.xml ဖိုင်ကိုဖိနှိပ်ထားလိုက်ရင် Open With ဆိုတာကိုနှိပ်ပါ။
ပြီရင်Text Editor ကိုနှိပ်ပြီး
            <file>AndroidEmoji.ttf</file>
        </fileset>
    </family>
    <family>
        <fileset>
            <file>ZawgyiOne2009.ttf</file>

ဒီလိုပုံစံအတိုင်း <file>AndroidEmoji.ttf</file>
ဆိုတဲ့စာတန်းအောက်မှာ ရေးထည်ပေးလိုက်ပါ။
ပြရင်။Saveလုပ်ပြီးထည်ပေးလိုက်ပါ။
ပြီးရင်တော့။ fallback_fonts.xmlဖိုင်အောက်က
fallbackfallback_fonts.xmlဖိုင်ကိုလဲအပေါ်က
fallback_fonts.xmlအတိုင်းထည်ပေးလိုက်ပါ။
ပြီရင် ဖုန်းကိုရီစတတ်ချပေးလိုက်ပါ။

သတိပြုရန်။  ။ fallback_fonts.xmlနှင့် fallbackfallback_fonts.xml ထဲကိုရေးထည်ရတွင် စာလုံးပေါင်းမမှားစေပါနဲ့ spaceခြား
တဲ့နေရာတွင်တိတိကျကျပြုလုပ်ပေးရပါမယ်။
မလုပ်တက်ရင်ကျွန်တော်၏pageမှအကူညီတောင်းနိုင်ပါတယ်။
page သို့သွား၍အကူညီတောင်းရန်နှိပ်ပါ။

ပထမနည်းမှ
DroidSansFallback.ttf ဖိုင်ဒေါင်းရန်နှိပ်ပါ။

ဒုတိယနည်းမှ
Zawgyione2009.ttf ဖိုင်ဒေါင်းရန်နှိပ်ပါ။

Friday, February 7, 2014

Note 3 SM-N900 official Firmware ထိုင်းversion 4.4.2

SM-N900ရဲ့ thai(ထိုင်း)version 4.4.2လေးပါ။

ထိုင်းversionဆိုကတည်းကမြန်မာစာတော့ပါပြီးသား

ပါ။ဒေါင်းလော့ပြုလုပ်ရတာလွယ်ကူအောင်လို့ပြုလုပ်ပေးထား

ပါတယ်။

(၁)ဒေါင်းလော့ပြုလုပ်ရန်နှိပ်ပါ။

(၂)ဒေါင်းလော့ပြုလုပ်ရန်နှိပ်ပါ။

အားလုံးအဆင်ပြေကြပါစေ။

Saturday, February 1, 2014

Note 3 Sm-n9005 အတွက်version 4.4.2 မြန်မာစာ versionလေးပါ။

Note 3 Sm-n9005 Version 4.4.2 မြန်မာစာပါ

သောOfficial versionလေးပါ။version 4.4.2မှာတော့

မြန်မာစာက Browser မှာအနည်းငယ်မှားနေပါတယ်။

အဲ့ဒီပြဿာနာကိုဖြေရှင်းဖို့လဲရှိပြီးသားပါ။ နောက်ပိုစ်မှာတင်

ပေးပါမယ်။version4.4.2တင်လိုက်ရင်ဖုန်းကမြန်လာ

ပါမယ်။ Music ဖွင့်လိုက်ပြီးlockပိတ်လိုက်ရင် Music

မှာပါသော ပုံလေးက lock screenမှာထင်ကျန်နေတယ်။

ကျန်တာတွေတော့မစမ်းသပ်ရသေးလို့မသိသေးပါဘူး။

ပြဿာနာတော့browserမှာမြန်မာစာ အနည်းငယ်မှားနေ

တာလေးပဲရှိပါတယ်။

လိုချင်ရင်တော့အောက်မှာပေးထားပါတယ်။

1 Note 3 SM-N9005 version4.4.2ဒေါင်းရန်နှိပ်ပါ။

2 Note 3 SM-N9005
version4.4.2ဒေါင်းရန်နှိပ်ပါ။

အားလုံးအဆင်ပြေပါစေ။

Monday, December 30, 2013

Facebook Profile နာမည်၅ခါထက်ပိုပြီးပြောင်းနိုင်အောင်လုပ်နည်း။

ကိုယ့်  profile ရဲ့ နာမည်တွေကို တစ်ခါနှစ်ခါလွဲပြီး အမျိုးမျိုးပြောင်းခွင့် မပေးပါဘူး...။အဲလိုဆိုတော့  ဘယ်လိုလုပ်မလဲ......ကျွန်တော် ပြောပြပါ့ မယ်...သိတဲ့ သူကတော့ မဖတ်နဲ့ တော့ ပေါ့ နော်...။
ကျွန်တော့ လိုမသိသေးတဲ့ သူငယ်ချင်းတွေအတွက်ရည်ရွယ်တာပါ။
အရင်ဆုံး ကိုယ့် ရဲ့ အကောင့် ထဲကို ၀င်ပါ။
    ဒီနေရာ ကိုနှိပ်၍သွားပြီး ကွပ်လပ်တွေ ဖြည့် ခဲ့ ပါ။
New first name
နေရာမှာကိုပြောင်းချင်သောနာမည်ရဲ့ပထမဆုံးနာမည်။
ဥပမာ-ပြောင်းချင်သောနာမည်Thet paing soeဆိုရင်
New first nameနေရာမှာ Thetကိုထည်ပါ။
New middle name (optional)
နေရာမှာကိုပြောင်းချင်သောနာမည်ရဲ့အလယ်ကနာမည်။
ဥပမာ-new middle nameနေရာမှာpaingလို့ထည်ပါ။
New last name
နေရာမှာတော့ပြောင်းချင်သောနာမည်နောက်ဆုံးနာမည်ကို
ထည်ပါ။
ဥပမာ-new last nameနေရာမှာsoeလို့ထည်ပါ။
Reason for this change
ဆိုတဲ့နေရာမှာတော့ Otherလို့ရွေးချယ်ပေးလိုက်ပါ။
Your ID
ဆိုတဲ့နေရာမှာဓာတ်ပုံတစ်ပုံထည်ပေးရပါမယ်။
ဘယ်ဓာတ်ပုံပဲဖြစ်ဖြစ်။ Upload ကိုနှိပ်ပြီးတော့ထည်ပါ။
ပြီးသွားရင် အောက်ဆုံးက send ကိုနှိပ်လိုက်ပါ။
တစ်ခါတစ်လေချက်ချင်းပြောင်းလို့ရပါတယ်။
တစ်ခါတစ်လေcomfirm email ကို ပြန်ပို့ ဖို့  နှစ်ဆယ့် လေးနာ၇ီနီးပါးလောက်ကြာပါလိမ့် မယ်..။
အဲ မေလ်း ကို ရပြီဆိုရင် သူပို့ ပေးတဲ့ မေလ်းကနေတစ်ဆင့် ကိုယ့် ရဲ့ အကောင်ကိုဝင်ပါ။
ပြီးရင် ဖုန်းနံပါတ်ကို ရိုက်၊continue ကိုနှိပ်။
ကိုယ့် ရိုက်လိုက်တဲ့ ဖုန်းနံပါတ်ထဲကို verification code ကိုပို့ ပါလိမ့် မယ်..။အဲဒါကို ရိုက်ထဲ့ လိုက်ပါ။
အဲတာပြီးရင် ကိုယ့် profile name ပြောင်းသွားကြောင်းအသိပေးစာလေးလာပါလိမ့် မယ်..။အိုကေနှိပ်လိုက်ပါ။
အဲဒါဆိုရင် ကိုယ့် ရဲ့  profile name ကို ပြောင်းတာအောင်မြင်သွားပါပြီ။အားလုံးပဲပျော်ရွှင်ကြပါစေ..

Facebook ရဲ့ Help မှကူးယူဖော်ပြပါသည်။

မူရင်းနေရာကိုပဲShareကြပေးလို့ဂါဝရပြုပါတယ်။ မူရင်းနေရာကိုပဲShareကြပေးလို့ဂါဝရပြုပါတယ်။

SAMSUNG GALAXY S4 (I9500) 4.3 THL (မြန်မာစာ ပါဝင်ပြီး)

Samsung Galaxy S4 Android 4.3  အတွက် Thai region နဲ့မြန်မာစာ Original ပါရှိပါတဲ့ Firmware ပါ....
အောက်က Link မှာ Resume နဲ့ ဒေါင်းယူနိုင်ကြပါတယ်..။

                      ဒေါင်းလော့လုပ်ရန်နှိပ်ပါ။

Tuesday, December 24, 2013

Viber မှပိုက်ဆံပေးဝယ်ရသော Sticker တွေကို Hack ယူနည်း

Viber မှပိုက်ဆံပေးဝယ်ရသော sticker များကို vpn unlimited apk နဲ့ freedom apk သုံးပြီး sticker များကိုယူရအောင်။ Root ရှိဖို့တော့လိုပါလိမ့်မယ်။
ပထမဆုံး- vpn လေးကို install လုပ်ပါ။

  ♣Vpn Unlimited Apk အားဒေါင်းယူရန်နှိပ်ပါ။

 ပြီးရင်ဖွင့်ပေးပါ။app ရဲ့ အပေါ်ထောင့်နားလေးမှာ starting ဆိုပြီး auto ချိတ်ဆက်နေပါလိမ်မယ်။ခဏလေးစောင့်ပေးပါ။
ချိတ်လို့ရသွားရင် noti မှာ icon ပုံလေးပေါ်လာရင်ချိတ်လို့ရသွားပါပြီ
ဒီအဆင့်လေးကိုတော့မလုပ်ချင်လဲရပါတယ်။လုပ်လိုက်တော့
ကောင်းပါတယ်။
setting >> app manager ထဲက playstore ကို force stop နဲ့ data clear လုပ်ပေးလိုက်ပါ။ပြီးရင်တော့ playstore ကိုပြန်ဖွင့်လိုက်ပါ။ access တောင်းရင် access လုပ်ပေးလိုက်ပါ။

ဒုတိယ-freedom လေးကို install လုပ်ပါ။
     
           ♣freedom apk အားဒေါင်းယူရန်နှိပ်ပါ။
     
 root access တောင်းရင် access ပေးလိုက်ပါ။
ပြီးရင်တော့freedom ထဲကviber လေးကိုနှိပ်ပါ။
နှိပ်ပြီရင်ဘာမှာမလုပ်ဘဲfreedomကနေပြန်ထွက်ပါ။
notiမှာfreedomဆိုပြီပေါ်နေလားဆိုတာကိုကြည်လိုက်ပါ
ပေါ်နေမှရမှာဖြစ်ပါတယ်။
အကုန်ပြီးရင်တော့ viber ထဲဝင်ပြီး sticker downloaded ဆွဲလို့ရပါပြီ။ downloaded ဆွဲရင် box တခုကျလာပါလိမ်မယ် ok နှိပ်လိုက်ပါ။ပြီးရင်နောက် box တခုက buy ကိုနှိပ်ပါ။ပြီးရင်တော့ရင် downloaded ကိုနှိပ်ပါ။
downloadedဒေါင်းလော့ကို (၂)ခါ(၃)ခါလောက်တော့နှိပ်ရပါမယ်။
အားလုံးပြီးရင်Freedomကိုပိတ်ဖို့မမေ့ပါနဲ့အုံး။
freedomကိုမပိတ်မိရင်playstoreကိုဝင်လို့မရပါဘူး။
နောက်တစ်ခုက မြန်မာနိုင်ငံကသူတွေကVpnကိုအသုံးပြုရပါမယ်။
နိုင်ငံခြားကသူတွေကြတော့Vpnကိုသုံးစရာမလိုပါဘူး။
freedomနဲ့တင်Hackလို့ရပါတယ်။
အားလုံပြီရင်Vpnနဲ့ freedomကိုပိတ်ဖို့မမေ့ကြပါနဲ့လို့ပြော
ချင်ပါတယ်။
မရှင်းတာရှိရင်မေးနိုင်ပါတယ်။

အားလုံးအဆင်ပြေနိုင်ပါစေ။

Friday, December 20, 2013

Note 2 version 4.3 မြန်မာစာပါသော Thaiကထုတ်သော version

Note2(GT-N7100)အတွက်မြန်မာစာပါသော ထိုင်း

versionလေးကိုတင်ပေးလိုက်ပါတယ်။အလွယ်တကူ

ဒေါင်းနိုင်ရန် Mediafire မှတင်ပေးထားပါသည်။

 ❤firmwareဒေါင်းရန်နှိပ်ပါ။ THLN7100XXUEML3 ❤

Monday, December 16, 2013

Galaxy Note3 SM-N9005ကို မြန်မာစာOfficial 4.3 တင်ပြီး+ ROOTဖောက်မယ်။

Samsung Galaxy Note 3 (4G LTE) SM-N9005 တွေကို ၀ယ်ဝယ်ချင်းမှာ မြန်မာဖောင့်မရတဲ့ ပြဿနာလေးတွေ တွေ့နေရပါတယ်။
Rootဖောက်ပြီးfont changerများနဲ့ထည်လဲမြန်မာစာ
မရခဲ့ပါ။နည်းအမျိုးမျိုးနဲ့ထည်ခဲ့ပါတယ်။အဆင်မပြေခဲ့ပါ။
အဲ့ပြဿနာတွေကို အခုဖြေရှင်းနိုင်သွားပါပြီ။
အခုပြောပြပေးမှာကတော့ အဲ့ဒီ့ Note 3 လေးကို မြန်မာဖောင့်ရဖို့ ပြောပြပေးမှာပါ။
အောက်က အတိုင်းဆက်လုပ်လိုက်ပါ။

1. အရင်ဆုံး သူ့ရဲ့ မြန်မာစာပါOfficial Firmware  ကိုပြန်တင်ပေးရပါမယ်။ (ဒီမှာသွားယူလိုက်ပါ)

2. Firmware ပြန်တင်ပြီးသွားရင်တော့မြန်မာစာRoot
မဖောက်ပဲမြင်ရပါမယ်။rootမဖောက်ချင်ရင်တော့အောက်ကလုပ်ငန်းစဉ်များကိုလုပ်စရာမလိုပါဘူး။

3.rootဖောက်လိုက်တော့ပိုသုံးရတာအဆင်ပြေတာပေါ့။
rootဖောက်မယ်ဆိုရင် သူ့ကို CWM Recovery သွင်းပေးရပါမယ်။နည်းအမျိုးမျိုးရှိပါတယ်ဒီနည်းလေးက
ပိုကောင်းမယ်ထင်လို့ပါ။

Download CWM Recovery + Odin3 v3.07
ဒေါင်ရန်နှိပ်ပါ။

ဒေါင်းပြီးသွားရင်တော့ Odin ကနေ Flash လုပ်ပေးလိုက်ပါ။ Flash လုပ်ပေးပြီးရင်တော့ မိမိဖုန်းပာာ လတ်တလော CWM Recovery ကိုပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ :P

အဲ့ဒါကနေမှ ROOT လုပ်ချင်တယ်ဆိုရင်တော့ အောက်က ပာာလေးဒေါင်းလိုက်ပါ။

Download GALAXY NOTE 3 ROOT

အဲ့ဒီ့ပာာလေးကို Memory ထဲထည့်ပြီး CWM ကနေ Install Zip > install zip from sdcard > UPDATE-SuperSU-v1.65.zip ဆိုပြီးအဆင့်ဆင့်ရွေးပေးလိုက်ပါ။ YES ကိုရွေးပေးလိုက်ရင်တော့ Flash လုပ်သွားပါလိမ့်မယ်။ ပြီးရင် တောက်လျှောက်ပြန်ထွက်ပြီး Reboot System Now နှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဖုန်းက ROOTED ဖြစ်ပြီးသွားပါပြီ။

ဒါဆိုရင်တော့ လူကြီးမင်းတို့ရဲ့ GALAXY NOTE 3 (4G LTE) 

SM-N9005 လေးပာာ မြန်မာဖောင့်လေးနဲ့ လန်းတွားပါဘီ.....။ ပြီးရင် 

FROZEN KEYBOARD ဖြစ်ဖြစ် BAGAN KEYBOARD

ဖြစ်ဖြစ်ထည်ပြီးအသုံးပြုလဲရပါတယ်။Original Samsungကီးဘုတ်

တွင်လဲမြန်မာစာပါရှိပါတယ်။

Sunday, December 15, 2013

Note 3 {SM-N9005} မြန်မာစာပါတဲ့ Official Fireware

Update 30.10.2013 အသစ်ထွက်

N9005XXUDMJ7 လင့်ကိုထည့်ပေးထားပါတယ်။

မြန်မာဖောင့်ထည့်စရာမလို root စရာမလိုပဲ

ဖန်းဝဲတင်လိုက်ရုံနဲ့မြန်မာဖောင့်မြင်ရမဲ့အပြင် ဖုန်းတခုလုံးကို

မြန် မာ လိုပါပြောင်း ပစ်လို့ရတဲ့ Singapore Official

Firmware ဖြစ်ပါတယ်။Note3 sm-n9005တွေမှာ

root ဖောက်တာတောင်မြန်မာစာထည်လို့မရနိုင်ပါ။

ဒီOffical Firmware တင်လိုက်ရင်တော့ OK သွားပါ
မယ်။

*** အထူးသတိထားရန် ဖုန်းကို ဖန်းဝဲမတင်ခင် Setting-

general-security-reactivation lock

ကိုအမှန်ခြစ်ဖြုတ်ဖို့လုံးဝ(လုံးဝ) မမေ့ပါနဲ့ ။ setting-

general-developer option-usb degubbing

ကို ON ဖို့ လုံးဝမမေ့ပါနဲ့ ***

** setting-general ထဲမှာ developer option

ကိုမတွေ့ရင် setting-about device ထဲက

Buildnumber ကို ၇ချက်လောက် ဆက်တိုက်နှိပ်ပေးပါ ။
setting-general ထဲမှာ developer option

ပေါ်လာပါလိမ့်မယ် ။ **

** တခုအရေးကြီးတာက ကွန်ပျူတာထဲမှာတော့ samsung driver ဒါမှမဟုတ် Kie ကိုအရင်အင်စတောလုပ်ပေးထားရပါမယ် ။ **

Odin နှင့်ဖန်းဝဲတင်နည်း ။
*********************
Odin ကိုဖွင့်လိုက်ပါ ထို့နောက် အိုဒင်ကAP ကိုအမှန်ချစ်ပါ။ ပြီးရင် AP ကိုနှိပ် ပီးတော့ ဒေါင်းထားပီးဇစ်ဖြည်ထားတဲ့ .tar ဖိုင်ကိုရွေးပေးလိုက်ပါ။

အဲဒါပီးသွားရင် ဖုန်းကိုပိတ်။ ပြီးရင် power+home+volume down ကိုတပြိုင်ထဲနှိပ်။ download mode ၀င်တာပြတာနဲ့ အကုန်တပြိုင်ထဲ လွှတ်လိုက်ပါ ။

ပြီးရင် volume up တချက်နှိပ် ပီး confirm ရင် download mode ready ဖြစ်ပါပီ ။ အဲဒါပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်လိုက်လိုက်ပါ ။

အဲလိုချိတ်လိုက်လို့ Odin ထဲက ID:COM နေရာမှာ အရောင်လေးနဲ့ပြနေရင်ရပါပြီ။ အဲဒီကျ Start ကိုနှိပ်လိုက်တာနဲ့ သူလုပ်စရာရှိတာလုပ်ပီးရင် PASS/RESET ပြပီး ဖုန်းရီစတက်ကျပါမယ် ။ သွသူအလုပ်လုပ်နေမယ် ပြီးရင် နောက်တခါရီစတက် ထပ်ကျမယ် အာ့ဆိုပီးသွားပါဘီ။

** ဖန်းဝဲတင်နေတုန်း ကွန်ပျူတာနဲ့ဖုန်းဆက်သွယ်ထားသော usb ကြိုးမလွတ်သွားစေရန် ဂရုစိုက်ပေးပါ **

                 Odinဒေါင်းရန်နှိပ်ပါ။

ဒေါင်းလော့လုပ်ရန်နှိပ်ပါSamsung USB Driver

ဒါကတော့ရှိပီးသားဆိုမလိုအပ်ပါဘူး၊၊ဖုန်းကို Odin ကသိဖို့အတွက် usb driver ဖြစ်ပါတယ် ။

                      (သို့မဟုတ်)

Samsung Kieဒေါင်ရန်နှိပ်ပါ။( kie 3 ကိုရွေးဒေါင်းပါ )

Model: SM-N9005
Country: Singapore
Version: Android 4.3
Changelist: 2019540
Build date: Wed, 30 Oct 2013 07:58:12 +0000
Product Code: MM1
PDA: N9005XXUDMJ7
CSC: N9005OLBDMK1
MODEM: N9005XXUDMJ7

       Firmware ဒေါင်းလော့လုပ်ရန်နှိပ်ပါ။

စာတွေကိုသေသေချာချာဖတ်ပြီးမှပြုလုပ်ပါလို့ပြောချင်ပါတယ်။

Galaxy Note 3 (SM-N900) ကို Original မြန်မာစာစနစ် ပါတဲ့ Firmware တင်မယ်

Samsung Galaxy Note III (SM-N900) ကို Original မြန်မာစာစနစ်ပါဝင်တဲ့ Official 4.3 တင်နည်း

အရင်ဆုံး Firmware တင်ဖို့ လိုအပ်တဲ့ ဖိုင်လေးကို ဒေါင်းပါ။

ဒေါင်းရတာလွယ်ကူအောင်လို့။ Mediafire ကနေတင်ပေးထား

ပါတယ်။

1. Note III_SM-N900_Official 4.3 with Build In Myanmar Language

2. Odin3 v3.09

ဒါလေးတွေ ဒေါင်းပြီးပီ ကိုယ့်စက်မှာ Samsung USB Driver နဲ့ Samsung Kies ရှိမရှိ အရင်စစ်ဆေးသင့်ပါတယ်။ မရှိသေးရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ။

1. Samsung Kies
2. Samsung USB Drivers

အရင်ဆုံး ဒေါင်းထားတာလေးတွေကို ဖြည်ချလိုက်ပါ။ Folder တစ်ခုထဲမှာနော်။ အဲ့ Folder ထဲမှာရှိနေရမှာက Odin ကနေဖြည်ချထားတဲ့ File ၂ ဖိုင်ရယ်၊ Firmware ကနေဖြည်ချထားတဲ့ File ၂ ဖိုင်ရယ် ရှိနေရမှာ။  ရှိပြီဆိုရင် တော့ အဲ့ထဲက Odin3 v3.09.exe ကို ဖွင့်လိုက်ပါ။

AP = PDA ပါ။ အရင်က PDA နေရာမှာ AP ဆိုပြီးပြောင်းသွားတာပါပဲ။ Odin Version မြင့်သွားလို့ပါ။
Firmware ကို အရင်နည်းအတိုင်း ပဲတင်ပေးလိုက်ပါ။
ပြီးသွားရင်တော့ Recovery Mode ထဲဝင်ပြီး Factory Reset တွေ Wipe Cache တွေ လုပ်ပြီး Reboot System Now နှိပ်ပေးရုံပါပဲ။

Sunday, November 17, 2013

မိမိဖုန်းထဲက Contact List တွေကိုမပျောက်ပျက်အောင်ဘယ်လိုသိမ်းကြလဲ?

ကမ္ဘာပေါ်မှာနှမျောစရာအကောင်းဆုံးကတော့ မိမိဖုန်းထဲက Contact List
တွေပျောက်ဆုံးသွားခြင်းပဲဖြစ်မယ်ထင်တယ် ... :D

တကယ်တော့ ...
မိမိဖုန်းထဲကရှိတဲ့လိပ်စာတွေဆိုတာတော်ရုံနဲ့ ပြန်စုလို့မလွယ်လှပါဘူး
ဖုန်းနဲ့အလုပ်လုပ်ပြီးဆက်သွယ်ရသူများသူတွေအဖို့ကတော့ဖုန်းလိပ်စာ
ဆိုတာတန်ဖိုးမဖြတ်နိုင်အောင်ပါပဲ .. ဒီတော့ မိမိရဲ့ဖုန်းလိပ်စာတွေကို
ဘယ်လိုစိတ်ချရအောင်သိမ်းထားမလဲဆိုတဲ့မေးခွန်းထွက်လာလိမ့်မယ်
ထင်တယ် ...

အခုကျွန်တော်ပြောပြပေးမဲ့ကတော့ ကိုယ်လိပ်စာတွေမပျောက်ပျက်
အောင်စိတ်ချရတဲ့သိမ်းဆည်းနည်းပဲဖြစ်ပါတယ်။ Contact List တွေကို
သိမ်းဖို့ဆိုရင် နည်းလမ်းမျိုးစုံနဲ့သိမ်းထားလို့ရနိုင်မှာဖြစ်ပြီးဒါကိုတစ်နည်း
အားဖြင့် Backup လုပ်တယ်လို့ခေါ်မှာပေါ့၊ ဒါဆိုရင် ကျွန်တော်တို့တွေ
များသောအားဖြင့် Contact List တွေကို ဘယ်လို BackUp လုပ်လေ့
ရှိလဲ ??
1.SD card
2. Sim
3. Online 
သုံးမျိုး စလုံးကောင်းပါတယ် ။ အများ ကြီး မမှတ် တဲ့ သု ၂၀၀ မကျော် တဲ့ သူ အနေ နဲ့ ဆို Sim ထဲ မှတ် ထား ပြီး မှ Ph ထဲ ကို ကူး သုံး ပါ ။ Sd ထဲ ကို ပြီး မှ Backup ပြန်ဆွဲ လိုက်ပါ ။

User တောာ်တော်များများဟာ SD Card ထဲကို Backup လုပ်လေ့ရှိပါတယ်
ဒါကစိတ်ချရလားဆိုတော့ SD Card မပျက်ခင်အထိတော့စိတ်ချရပါတယ်။
ဒါမဲ့ SD Card ဆိုတာအပျက်အများဆုံးဖြစ်တတ်သလို SD Card ရောဖုန်းရော
ပျက်သွားတာမျိုးလဲကြုံဖူးကြမှာပါ ... ဒီနည်းကအလုပ်မဖြစ်ဘူးလို့တော့မဆိုလို
ချင်ပါဘူး ဒါလည်းအဆင်ပြေတဲ့နည်းတစ်ခုပါပဲ ၊ ဒါမဲ့ စိတ်ချရမှု့ရာခိုင်နှုန်းက
တော့အတော်နည်းပါတယ်။ ဥပမာ ကိုယ်ဖုန်းပျောက်သွားတဲ့အခါမျိုး ရေစိုပြီး
ပျက်သွားတဲ့အခါမျိုးမှာဆို ဘယ်လိုလုပ်မလဲဆိုတဲ့ Safe ဖြစ်နိုင်မဲ့အပိုင်းကို
ပြောချင်တာပါ။ ဆိုတော့ .. ဘယ်လိုနည်းကစိတ်အချရဆုံးဖြစ်မလဲဆိုရင်
Online မှာသိမ်းထားတာစိတ်အချရဆုံးပါပဲ .. Online မှာဘယ်လိုသိမ်းမလဲ
ဆိုတာကတော့ နည်းလမ်းများစွာရှိပါတယ်။ များသောအားဖြင့်အဲလို Service
တွေက Account တစ်ခုဖွင့်ရတယ် အဲဒီ Account ထဲမှာသိမ်းထားတယ်
ဖုန်းပျက်လို့ပဲဖြစ်ဖြစ်ပျောက်လို့ပဲဖြစ်ဖြစ် တစ်ခြားဖုန်းမှာ အဲဒီ Account ကို
ပြန်ပြီးတော့ Sign In ၀င်လိုက်ရင် Contact List တွေက မိနစ်ပိုင်းအတွင်းမှာ
ကိုယ်ဖုန်းထဲကိုပြန်လည်ရောက်ရှိလာစေမှာဖြစ်ပါတယ်။ သဘောကတော့
ဖုန်းထဲမှာသိမ်းထားခြင်းမဟုတ်ဘဲ အွန်လိုင်း Account ထဲမှာသိမ်းထားခြင်း
ဖြစ်တဲ့အတွက် အဲဒီ Account Password မမေ့ဘူးဆိုရင် ကျွန်တော်တို့
Contact List တွေက အင်တာနက် ကွန်နက်ရှင်သာရှိမယ်ဆိုရင် အချိန်မရွေး
နေရာမရွေး ဖုန်းတစ်လုံးထဲကိုပြန်ရောက်ရှိလာမှာပဲဖြစ်ပါတယ်။

ဒီတော့ .. ဘယ်လိုသိမ်းကြမလဲ? Account ဘယ်လိုဖွင့်ကြမလဲ? ဘယ် Service
ကအကောင်းဆုံးလဲဆိုတဲ့မေးခွန်းတွေထပ်မေးစရာပါ ... ကျွန်တော်အတွက်က
တော့အလွယ်ကူဆုံးနဲ့စိတ်အချရဆုံးဖြစ်တဲ့ Google Service ကိုပဲညွှန်းချင်ပါတယ်
တစ်ခြားတစ်ခြားသော serivce တွေရှိနေတယ်ဆိုပေမဲ့ မိမိတို့နေ့စဉ်နေ့တိုင်းသုံးနေ
တဲ့ Gmail, GTalk တွေနဲ့တွဲရက်ဖြစ်နေတဲ့ Google service ကိုရွေးချယ်လိုက်ရင်
အသုံးပြုရတာလဲ Account အများကြီးဟိုတစ်ခုဒီတစ်ခုလိုက်မမှတ်ရတဲ့အပြင်
လွယ်ကူစေမှာလဲဖြစ်ပါတယ်။

Google Server မှာ Contact List တွေဘယ်လိုသိမ်းမလဲ ??
Gmail သုံးဖူးနေသူတွေအတွက်ဆိုရင်တော့ ဒီပို(စ်)ကဖတ်ရတာပိုလွယ်ပါလိမ့်မယ်
Gmail ကိုမသုံးဖူးထားသေးဘူးဆိုရင်တော့ နည်းနည်းတော့နားလည်ရခက်ပါမယ်
ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဘက်စလုံးကိုမျှတအောင်ကြိုးစားပြီးရှင်းပြပါ့မယ်။

လိုတာကတစ်ခုပါပဲ ၊ မိမိမှာ ကိုယ်ပိုင် Google Account တစ်ခုရှိရပါမယ်
Google Account ဆိုတာကတော့ Google ကနေပေးထားတဲ့ Free Service ဖြစ်ပြီး
အဲဒီ Account ရှိခြင်းအားဖြင့် Gmail သုံးလို့ရမယ် ၊ GTalk ပြောလို့ရမယ် ၊ Youtue
account ကိုဖွင့်စရာမလိုဘဲ Google Password နဲ့တန်းဝင်နိုင်မယ် Map ကိုသုံးလို့
ရမယ် Google Play Store မှာ Application တွေ Download လုပ်နိုင်မယ် Blog ရေး
နိုင်မယ် Cleandar ကိုသုံးလို့ရမယ် ကိုယ်ရဲ့ Data တွေကို Store လုပ်ထားလို့ရမယ်
(Google Service အကြောင်းအားအကျယ်ဖွင့်ပြီးနောက် Post တစ်ခုတွင်ပြန်ရှင်းပေးပါမည်)

Google Account ရှိပြီ မိမိဖုန်းထဲကို Sign In လဲဝင်ထားပြီးပြီဆိုရင် Android ရဲ့
ှSetting ထဲမှာ Account & Sync ဆိုတဲ့ထဲကိုဝင်လိုက်ပါ JellyBean တွေမှာကတော့
Sign In ၀င်ထားရင် Setting ထဲမှာ Google ဆိုပြီးပေါ်နေပါမယ် အဲဒီထဲကိုတဆင့်
ဝင်ပါ ပြီးရင် မိမိAccount အမည်ကိုတွေ့လျှင်နှိပ်ပြီးထပ်ဝင်ပါ .. အထဲရောက်လျှင်
Google ရဲ့ Service တွေကိုတွေ့ရမယ်ဖြစ်ပြီး အကုန်လုံးကို Click လျောက်ပေးထား
မယ်ဆိုရင်တော့ Online သုံးရင်အမြဲ Sync လုပ်ပြီးလေးနေပါလိမ့်မယ် Gmail နဲ့
Contact ကိုပဲ Click ပေးထားပြီး Contact ကိုတစ်ချက်နှိပ်လိုက်ရင် Syncronize
စတင်လုပ်ပါပြီး အဲအချိန်မှာ အင်တာနက်ဖွင့်ပေးထားဖို့တော့လိုပါတယ် ၊ သဘောက
မိမိထဲမှာရှိတဲ့ Contact တွေကို Google Account ထဲက Contact ထဲမှာသွားသိမ်းပေး
ထားသလို Gmail ထဲမှာရှိတဲ့ Contact တွေလဲကိုယ်ဖုန်းရဲ့ Contact List ထဲကိုရောက်
လာမှာဖြစ်ပါတယ်။ စမ်းသပ်ကြည့်လိုက်ရင် နားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်

(အသုံးဝင်မယ်ထင်ရင် မိမိသူငယ်ချင်းများကို Share လုပ်ခြင်းဖြင့်ကူညီပါ)

အဆင်ပြေနိုင်ပါစေ။

Download ဆွဲရာတွင် Resumeလင့်ရအောင်လုပ်နည်းလေးပါ

အဓိက က တော့ Firmware နဲ့ ဂိမ်းကြီးကြီး ဒေါင်း ချင်တဲ့ သူတွေ အတွက် အသုံး ၀င်မှာပါ ။

ခုအောက်ကကျွန်တော်ပေးတဲ့ Link လေး မှာ Sign Up လုပ်လိုက်ပါ။

ဒီကိုနှိပ်၍ဝင်ပါ။SIGN UPလုပ်ရန်။

Download ဆွဲရာတွင် Resumeလင့်ရအောင်လုပ်နည်းလေးပါ ရတဲ့လင့်များကတော့

hotfile.com

Extabit.com

Rapidshare.com

netload.in

uploaded.net

တို့ပါ

ညာဘတ် အပေါ် ဆုံးနားမှာရှိတဲ့ Sign Up ကိုနှိပ်လိုက်ရင်

နောက် PAge တခုမှာ Connect with Facebook ဆို တဲ့ BOX လေးတွေပါလိမ့်မယ်

အဲ့ဒီအချိန်မှာကိုရဲ့ Facebook accont လေးကို ဖွင့်ထားရင်ပိုကောင်းပါတယ်

Connect to Facebook ကိုနှိပ်လိုက်ပါ။ပီးရင် facebook ထဲရောက်သွားပြီးတာ့ Goto App စိုတဲ့ Box လေးကို ထပ် နှိပ်လိုက်ပါ

Fiile Link ထဲ့လို့ရတဲ့ Page တခု ပေါ်လာပါလိပ်မယ် အဲ့ဒီမှာ Download လုတ်ချင်တဲ့ File Link ကို Copy/Paste လုပ်ပြီးထည့်လိုက်ရင် အောက်မှာ Add File ဆိုတာတွေပါလိပ်မယ်

အဲ့ဒါလေးကိုနှိတ်လိုက်ပါ။ Download လုပ်လို့ရမဲ့ Link ကို ပြန်ပေးပါလိတ်မယ် စဆွဲလို့ရပါပြီ။

Resume ရပါတယ် Free Stroage 2GB ထိ ရပါ တယ် Support ပေးတဲ့ link တွေကတော့

hotfile.com

Extabit.com

Rapidshare.com

netload.in

uploaded.net

တို့ပါ

အဲ့ဒီမှာကိုတင်လိုက်တဲ့ Link ကိုသူများ ကို ပြန်ပြီး Share လို့ သူများက လာဆွဲရင် တခါကို 120 MB Quota ထက်ပေးပါတယ် ( Example 2Gb + 120 MB) စမ်းကြည့်ကျပေါ့ဗျာ ။

Download Helper Group မှ ကူးယူဖော်ပြပါသည်။

အားလုံးအဆင်ပြေပါစေ။��