Pages

Saturday, February 15, 2014

Android V4.3 နှင့် V4.4.2ဖုန်းမှာ ( -ျ ) ( -ု ) ( -ူ ) ( -ာ ) ( -် ) ( -့ ) တွေ အထဲကိုဝင်နေတဲ့ပြဿနာကို ကျနော်အနည်းငယ်ဖြေရှင်းထားပါတယ်။

Android V4.3 နှင့် V4.4.2ဖုန်းမှာ ( -ျ ) ( -ု ) ( -ူ ) ( -ာ ) ( -် ) ( -့ ) တွေ
အထဲကိုဝင်နေတဲ့ပြဿနာကို ကျနော်အနည်းငယ်ဖြေရှင်းထားပါတယ်။
စာကိုတည့်မှန်စွာမြင်ရမှာဖြစ်ပါတယ်။
နည်းလမ်းနှစ်ခုပြောပြပေးပါမယ်။

ပထမနည်းလမ်း။
*************
ဖောင့် ttf ဖိုင်သည် Root Explorer ဆော့ဝဲကနေ သွင်းရမှာဖြစ်တဲ့အတွက်
Root ရှိထားတဲ့ဖုန်းများသာ ထည့်သွင်းနိုင်ပါတယ် ။

4.3 နှင့် 4.4.2အတွက်ပေးထားတဲ့ DroidSansFallback.ttf မြန်မာဖောင့်ကို ဒေါင်းလိုက်ပါ။

ဒေါင်းထားတဲ့ ဖောင့် DroidSansFallback.ttf ဖိုင်ကို Root Explorer ဆော့ဝဲထဲက System >>> font ဆိုတဲ့ဖိုင်ထဲကို ထည့်ပေးလိုက်ပါ ။

ထည့်ပြီးရင် ဖောင့်အား permissions rw - r - r ပေးပြီး ဖုန်းကိုရီစတတ်ချပေးလိုက်ပါ။

သတိပြုရန်။   ။DroidSansFallback.ttfကိုမထည်ခင်
Root Explorer ဆော့ဝဲထဲက System >>> fontထဲ
ကDroidSansFallback.ttfဖိုင်ကိုCopyကူးယူထား
ပါ လို့ပြောချင်ပါတယ်။

ပထမနည်းကဖုန်းအတွက်နည်းနည်း
အန္တရာယ်ရှိနိုင်လို့ ဒုတိယနည်းနဲ့စမ်းသပ်စေချင်တယ်။
ဒုတိယနည်းမရမှ ပထမနည်းကိုအသုံးပြုပြီး
ထည်စေပါလို့ပြောချင်ပါတယ်။

ဒုတိယနည်းလမ်း။
**************
Root Explorer ဆော့ဝဲထဲက System >>> fontဆို
သောဖိုင်ထဲကို ကျွန်တော်အောက်မှာပေးထားသော
Zawgyione2009.ttf ဖိုင်ကိုထည်ပေးပါ။နာမည်Zawgyione2009.ttfကို
မပြောင်းပါနဲ့။Zawgyione2009.ttfကိုထည့်ပြီးရင်
Zawgyione2009ဖောင့်အား permissions
rw - r - r ပေးလိုက်ပါ။ပြီရင်တော့ Systemဖိုင်>>>etc
ဖိုင်ထဲက fallback_fonts.xml ဖိုင်ကိုဖိနှိပ်ထားလိုက်ရင် Open With ဆိုတာကိုနှိပ်ပါ။
ပြီရင်Text Editor ကိုနှိပ်ပြီး
            <file>AndroidEmoji.ttf</file>
        </fileset>
    </family>
    <family>
        <fileset>
            <file>ZawgyiOne2009.ttf</file>

ဒီလိုပုံစံအတိုင်း <file>AndroidEmoji.ttf</file>
ဆိုတဲ့စာတန်းအောက်မှာ ရေးထည်ပေးလိုက်ပါ။
ပြရင်။Saveလုပ်ပြီးထည်ပေးလိုက်ပါ။
ပြီးရင်တော့။ fallback_fonts.xmlဖိုင်အောက်က
fallbackfallback_fonts.xmlဖိုင်ကိုလဲအပေါ်က
fallback_fonts.xmlအတိုင်းထည်ပေးလိုက်ပါ။
ပြီရင် ဖုန်းကိုရီစတတ်ချပေးလိုက်ပါ။

သတိပြုရန်။  ။ fallback_fonts.xmlနှင့် fallbackfallback_fonts.xml ထဲကိုရေးထည်ရတွင် စာလုံးပေါင်းမမှားစေပါနဲ့ spaceခြား
တဲ့နေရာတွင်တိတိကျကျပြုလုပ်ပေးရပါမယ်။
မလုပ်တက်ရင်ကျွန်တော်၏pageမှအကူညီတောင်းနိုင်ပါတယ်။
page သို့သွား၍အကူညီတောင်းရန်နှိပ်ပါ။

ပထမနည်းမှ
DroidSansFallback.ttf ဖိုင်ဒေါင်းရန်နှိပ်ပါ။

ဒုတိယနည်းမှ
Zawgyione2009.ttf ဖိုင်ဒေါင်းရန်နှိပ်ပါ။

1 comment:

  1. I Want to use this medium to appreciate an online ghost hacker, after being ripped off my money he helped me find my cheating lover and helped me hacked his WHATSAPP, GMAIL, kik and all his social media platforms and i got to know that he has being cheating on me and in less than 24 hours he helped me out with everything, hacking setting is trust worthy, contact him via: hackingsetting50@gmail.com

    ReplyDelete