Pages

Sunday, November 17, 2013

မိမိဖုန်းထဲက Contact List တွေကိုမပျောက်ပျက်အောင်ဘယ်လိုသိမ်းကြလဲ?

ကမ္ဘာပေါ်မှာနှမျောစရာအကောင်းဆုံးကတော့ မိမိဖုန်းထဲက Contact List
တွေပျောက်ဆုံးသွားခြင်းပဲဖြစ်မယ်ထင်တယ် ... :D

တကယ်တော့ ...
မိမိဖုန်းထဲကရှိတဲ့လိပ်စာတွေဆိုတာတော်ရုံနဲ့ ပြန်စုလို့မလွယ်လှပါဘူး
ဖုန်းနဲ့အလုပ်လုပ်ပြီးဆက်သွယ်ရသူများသူတွေအဖို့ကတော့ဖုန်းလိပ်စာ
ဆိုတာတန်ဖိုးမဖြတ်နိုင်အောင်ပါပဲ .. ဒီတော့ မိမိရဲ့ဖုန်းလိပ်စာတွေကို
ဘယ်လိုစိတ်ချရအောင်သိမ်းထားမလဲဆိုတဲ့မေးခွန်းထွက်လာလိမ့်မယ်
ထင်တယ် ...

အခုကျွန်တော်ပြောပြပေးမဲ့ကတော့ ကိုယ်လိပ်စာတွေမပျောက်ပျက်
အောင်စိတ်ချရတဲ့သိမ်းဆည်းနည်းပဲဖြစ်ပါတယ်။ Contact List တွေကို
သိမ်းဖို့ဆိုရင် နည်းလမ်းမျိုးစုံနဲ့သိမ်းထားလို့ရနိုင်မှာဖြစ်ပြီးဒါကိုတစ်နည်း
အားဖြင့် Backup လုပ်တယ်လို့ခေါ်မှာပေါ့၊ ဒါဆိုရင် ကျွန်တော်တို့တွေ
များသောအားဖြင့် Contact List တွေကို ဘယ်လို BackUp လုပ်လေ့
ရှိလဲ ??
1.SD card
2. Sim
3. Online 
သုံးမျိုး စလုံးကောင်းပါတယ် ။ အများ ကြီး မမှတ် တဲ့ သု ၂၀၀ မကျော် တဲ့ သူ အနေ နဲ့ ဆို Sim ထဲ မှတ် ထား ပြီး မှ Ph ထဲ ကို ကူး သုံး ပါ ။ Sd ထဲ ကို ပြီး မှ Backup ပြန်ဆွဲ လိုက်ပါ ။

User တောာ်တော်များများဟာ SD Card ထဲကို Backup လုပ်လေ့ရှိပါတယ်
ဒါကစိတ်ချရလားဆိုတော့ SD Card မပျက်ခင်အထိတော့စိတ်ချရပါတယ်။
ဒါမဲ့ SD Card ဆိုတာအပျက်အများဆုံးဖြစ်တတ်သလို SD Card ရောဖုန်းရော
ပျက်သွားတာမျိုးလဲကြုံဖူးကြမှာပါ ... ဒီနည်းကအလုပ်မဖြစ်ဘူးလို့တော့မဆိုလို
ချင်ပါဘူး ဒါလည်းအဆင်ပြေတဲ့နည်းတစ်ခုပါပဲ ၊ ဒါမဲ့ စိတ်ချရမှု့ရာခိုင်နှုန်းက
တော့အတော်နည်းပါတယ်။ ဥပမာ ကိုယ်ဖုန်းပျောက်သွားတဲ့အခါမျိုး ရေစိုပြီး
ပျက်သွားတဲ့အခါမျိုးမှာဆို ဘယ်လိုလုပ်မလဲဆိုတဲ့ Safe ဖြစ်နိုင်မဲ့အပိုင်းကို
ပြောချင်တာပါ။ ဆိုတော့ .. ဘယ်လိုနည်းကစိတ်အချရဆုံးဖြစ်မလဲဆိုရင်
Online မှာသိမ်းထားတာစိတ်အချရဆုံးပါပဲ .. Online မှာဘယ်လိုသိမ်းမလဲ
ဆိုတာကတော့ နည်းလမ်းများစွာရှိပါတယ်။ များသောအားဖြင့်အဲလို Service
တွေက Account တစ်ခုဖွင့်ရတယ် အဲဒီ Account ထဲမှာသိမ်းထားတယ်
ဖုန်းပျက်လို့ပဲဖြစ်ဖြစ်ပျောက်လို့ပဲဖြစ်ဖြစ် တစ်ခြားဖုန်းမှာ အဲဒီ Account ကို
ပြန်ပြီးတော့ Sign In ၀င်လိုက်ရင် Contact List တွေက မိနစ်ပိုင်းအတွင်းမှာ
ကိုယ်ဖုန်းထဲကိုပြန်လည်ရောက်ရှိလာစေမှာဖြစ်ပါတယ်။ သဘောကတော့
ဖုန်းထဲမှာသိမ်းထားခြင်းမဟုတ်ဘဲ အွန်လိုင်း Account ထဲမှာသိမ်းထားခြင်း
ဖြစ်တဲ့အတွက် အဲဒီ Account Password မမေ့ဘူးဆိုရင် ကျွန်တော်တို့
Contact List တွေက အင်တာနက် ကွန်နက်ရှင်သာရှိမယ်ဆိုရင် အချိန်မရွေး
နေရာမရွေး ဖုန်းတစ်လုံးထဲကိုပြန်ရောက်ရှိလာမှာပဲဖြစ်ပါတယ်။

ဒီတော့ .. ဘယ်လိုသိမ်းကြမလဲ? Account ဘယ်လိုဖွင့်ကြမလဲ? ဘယ် Service
ကအကောင်းဆုံးလဲဆိုတဲ့မေးခွန်းတွေထပ်မေးစရာပါ ... ကျွန်တော်အတွက်က
တော့အလွယ်ကူဆုံးနဲ့စိတ်အချရဆုံးဖြစ်တဲ့ Google Service ကိုပဲညွှန်းချင်ပါတယ်
တစ်ခြားတစ်ခြားသော serivce တွေရှိနေတယ်ဆိုပေမဲ့ မိမိတို့နေ့စဉ်နေ့တိုင်းသုံးနေ
တဲ့ Gmail, GTalk တွေနဲ့တွဲရက်ဖြစ်နေတဲ့ Google service ကိုရွေးချယ်လိုက်ရင်
အသုံးပြုရတာလဲ Account အများကြီးဟိုတစ်ခုဒီတစ်ခုလိုက်မမှတ်ရတဲ့အပြင်
လွယ်ကူစေမှာလဲဖြစ်ပါတယ်။

Google Server မှာ Contact List တွေဘယ်လိုသိမ်းမလဲ ??
Gmail သုံးဖူးနေသူတွေအတွက်ဆိုရင်တော့ ဒီပို(စ်)ကဖတ်ရတာပိုလွယ်ပါလိမ့်မယ်
Gmail ကိုမသုံးဖူးထားသေးဘူးဆိုရင်တော့ နည်းနည်းတော့နားလည်ရခက်ပါမယ်
ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဘက်စလုံးကိုမျှတအောင်ကြိုးစားပြီးရှင်းပြပါ့မယ်။

လိုတာကတစ်ခုပါပဲ ၊ မိမိမှာ ကိုယ်ပိုင် Google Account တစ်ခုရှိရပါမယ်
Google Account ဆိုတာကတော့ Google ကနေပေးထားတဲ့ Free Service ဖြစ်ပြီး
အဲဒီ Account ရှိခြင်းအားဖြင့် Gmail သုံးလို့ရမယ် ၊ GTalk ပြောလို့ရမယ် ၊ Youtue
account ကိုဖွင့်စရာမလိုဘဲ Google Password နဲ့တန်းဝင်နိုင်မယ် Map ကိုသုံးလို့
ရမယ် Google Play Store မှာ Application တွေ Download လုပ်နိုင်မယ် Blog ရေး
နိုင်မယ် Cleandar ကိုသုံးလို့ရမယ် ကိုယ်ရဲ့ Data တွေကို Store လုပ်ထားလို့ရမယ်
(Google Service အကြောင်းအားအကျယ်ဖွင့်ပြီးနောက် Post တစ်ခုတွင်ပြန်ရှင်းပေးပါမည်)

Google Account ရှိပြီ မိမိဖုန်းထဲကို Sign In လဲဝင်ထားပြီးပြီဆိုရင် Android ရဲ့
ှSetting ထဲမှာ Account & Sync ဆိုတဲ့ထဲကိုဝင်လိုက်ပါ JellyBean တွေမှာကတော့
Sign In ၀င်ထားရင် Setting ထဲမှာ Google ဆိုပြီးပေါ်နေပါမယ် အဲဒီထဲကိုတဆင့်
ဝင်ပါ ပြီးရင် မိမိAccount အမည်ကိုတွေ့လျှင်နှိပ်ပြီးထပ်ဝင်ပါ .. အထဲရောက်လျှင်
Google ရဲ့ Service တွေကိုတွေ့ရမယ်ဖြစ်ပြီး အကုန်လုံးကို Click လျောက်ပေးထား
မယ်ဆိုရင်တော့ Online သုံးရင်အမြဲ Sync လုပ်ပြီးလေးနေပါလိမ့်မယ် Gmail နဲ့
Contact ကိုပဲ Click ပေးထားပြီး Contact ကိုတစ်ချက်နှိပ်လိုက်ရင် Syncronize
စတင်လုပ်ပါပြီး အဲအချိန်မှာ အင်တာနက်ဖွင့်ပေးထားဖို့တော့လိုပါတယ် ၊ သဘောက
မိမိထဲမှာရှိတဲ့ Contact တွေကို Google Account ထဲက Contact ထဲမှာသွားသိမ်းပေး
ထားသလို Gmail ထဲမှာရှိတဲ့ Contact တွေလဲကိုယ်ဖုန်းရဲ့ Contact List ထဲကိုရောက်
လာမှာဖြစ်ပါတယ်။ စမ်းသပ်ကြည့်လိုက်ရင် နားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်

(အသုံးဝင်မယ်ထင်ရင် မိမိသူငယ်ချင်းများကို Share လုပ်ခြင်းဖြင့်ကူညီပါ)

အဆင်ပြေနိုင်ပါစေ။

1 comment:

  1. I Want to use this medium to appreciate an online ghost hacker, after being ripped off my money he helped me find my cheating lover and helped me hacked his WHATSAPP, GMAIL, kik and all his social media platforms and i got to know that he has being cheating on me and in less than 24 hours he helped me out with everything, hacking setting is trust worthy, contact him via: hackingsetting50@gmail.com

    ReplyDelete